ကျိုက်မရော မေ ၁၄
မွန်ပြည်နယ်၊ကျိုက်မရော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သော ရပ်ကွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်း များ လုပ်ငန်း စွမ်းဆောင် ရည်မြှင့် တင်ရေး သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်၉နာရီက မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် မွန်ပြည်နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က သင်တန်းဆင်းဂုဏ်ပြုအမှာစကား ပြော ကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက် နှင့် ကျေးရွာ (၄၃)ရွာတို့မှအုပ်ချုပ်ရေးမှူး (၄၇)ဦးနှင့် စာရေးဝန်ထမ်း (၄၇)ဦး စုစုပေါင်း (၉၄)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာမေလ (၁၀)ရက်နေ့ မှ(၁၄)ရက်နေ့ထိ (၅)ရက်ကြာ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး