သံဖြူဇရပ်မြို့မစျေးတွင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ရေး ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ

သံဖြူဇရပ်  မတ် ၂၉

သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာတို့၏ စီစဉ်မှုဖြင့် ပြည်သူပူးပေါင်းပါဝင်သည့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်တိုက်ဖျက်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပါဝင်လျက် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ သံဖြူဇရပ်မြို့ အမှတ်(၁)မြို့မစျေးကြီးအတွင်း အသိပညာပေး လက်ကမ်းစာစောင်များကို စျေးရောင်းချသူများ၊ စျေးဝယ်ပြည်သူများအား ဖြန့်ဝေပေးပြီး စာစောင်ပါ ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ပေးရန် အသိပေးသည်။

ထို့အတူ သံဖြူဇရပ်အမှတ်-၂စျေး၊ ကျိုက္ခမီ၊ ပငစျေးများနှင့် ကားဂိတ်များတွင် ပြည်သူများအား ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေးအေးသီ(သံဖြူဇရပ်)