ဝက်လက် သြဂုတ် ၇
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအတွက် ဝက်လက်မြို့ပေါ် ၃ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၆၉ အုပ်စုတို့တွင် အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပေါင်း ၁၆၀၀၀၀ ကျော်ရှိကြောင်း သိရသည်။
ဝက်လက်မြို့နယ်အတွက် မဲရုံပေါင်း ၁၃၄ရုံလျာထားပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ကျား ၇၆၃၇၉ဦး မ ၉၁၂၉၃ ဦး ပေါင်း ၁၆၇၆၇၂ ဦး ရှိကြောင်းနှင့် မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများ အလိုက် မသန်စွမ်းသူများစာရင်း ကောက်ယူပြုစုလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲအရာရှိထံကသိရသည်။
ဥမ္မာဝင်း(ဝက်လက်)