မော်လမြိုင် ဩဂုတ် ၇
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် (ပထမအကြိမ်) မဲဆန္ဒရှင်ပြည်သူစာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်ကာ မွန်ပြည်နယ် မော်လမြိုင် မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားဆောင်ရွက်ထားရှိရာ ဩဂုတ်လ ၆ ရက် နေ့ထိ မဲစာရင်းလာရောက်ကြည့်ရှုသူ ၁၇၀၀၀ ကျော်ရှိပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
(ပထမအကြိမ်) မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုတွင် ဩဂုတ်လ ၆ ရက်နေ့အထိ မဲစာရင်း၌ မိမိအမည်မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၃၀၀၀)ကျော်၊ မဲစာရင်းတွင် မိမိအမည်နဲ့ အချက်အလက် မှားယွင်းနေ၍ ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ ၈၀၀ ကျော်နှင့် မဲစာရင်းတွင် မပါ ဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လျှောက်ထားသူ ၄၀၀ ကျော်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မော်လမြိုင်မြို့နယ်၌ ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်း ၂ သိန်း ၃ သောင်းကျော်ရှိပြီး မဲရုံ(၁၁၈)ရုံ လျာထားဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)