တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များအား စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေး

တန့်ဆည်   ဩဂုတ်  ၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များတွင် ကျန်းမာရေဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက ရှောင်တခင်လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဒေါ်သက်သက်ဦးနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့ပေါ် ရှိလဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ ရှောင်တခင် လိုက်လံစစ်ဆေးကာ ပထမအကြိမ် ဝန်ခံကတိထိုးခြင်း၊ ဒုတိယအကြိမ် ဒဏ်ငွေပေးဆောင်ခြင်း၊ တတိယအကြိမ် ပိတ်သိမ်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

ငြိမ်းမင်းထွန်း(တန့်ဆည်)