ပုဗ္ဗသီရိ မေ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ၂၀၂၀ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိ ကြောင်းသိရသည်။
တောင်သူများ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် အဆင်ပြေစေရန်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧကလျှင်ငွေကျပ် ၁၅၀၀၀၀နှုန်းနှင့် ယာတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့့်် ပုဗ္ဗသီရိ မြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုအတွင်းမှ တောင်သူ ၃၇ ဦး၏ လယ် ၉၁ ဧကအတွက် ချေးငွေစုစုပေါင်း ၁၃၆၅၀၀၀၀ ကျပ် ထုတ်ချေးပေးခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ ကျန်ရှိကျေးရွာ အုပ်စုများကိုလည်း စက်တင်ဘာလ ကုန်အတွင်း ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါချေးငွေထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီစနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်နှင်းရွှေစင် ထံမှသိရသည်။
မျိုးသီဟ(ပြန်/ဆက်)