ကလေးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ

ကလေး ဩဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များကို ယနေ့နံနက် ၈ နာရီအချိန်က မြို့တော်ခန်းမရှေ့တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအားဖြန့်ဝေခဲ့ကြကြောင်း သိရ သည်။

ထိုသို့ အသိပညာပေးများ ဆောင်ရွက်ရာတွင်  ဒုရဲမှူး ဇော်မြင့်သူနှင့်  အမှတ်(၁၀၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ယာဉ်ထိန်းရဲများက ပြည်သူများ အနေဖြင့်  ဆိုက်ကယ်စီးနင်းရာတွင် လိုက်နာရမည့် အချက်များ၊ ယာဉ်တိုက်မှုဖြစ်ပွားလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ၂၀၂၀ ခုနှစ်တွင်ပြဌာန်း ထားသည့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေအကြောင်းတို့ကို ရှင်းလင်းမှာကြားပြီး အသိ ပညာပေး လက်ကမ်းစာစောင်များကိုဖြန့်ဝေ ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်အတွင်း ကလေးမြို့တွင် ယာဉ်မတော်တဆမှု (၃၀)ကြိမ် ဖြစ်ပွားရာ ဒဏ်ရာရရှိသူ (၄၂) ဦးရှိကာ သေဆုံးသူ (၆)ဦး ရှိပြီဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်တွင် ယာဉ်မတော်တဆမှုကြောင့် (၅၅)ဦး သေဆုံးသွားပြီဖြစ်ကြောင်း အမှတ်(၁၀၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု မှသိရသည်။

ထန်းဖုန် (ပြန်/ဆက်)