မုဒုံမြို့နယ်တွင်၂၀၂၁ ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲကျင်းပ

 
မုဒုံ မေ ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် ပြည်သူများ အားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှ ကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မုဒုံမြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားကို မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်ဇော်၊ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် အား/ကာ ကော်မတီဝင်များနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နွေရာသီအခြေခံအားကစားသင်တန်းများကို တက်ရောက်ခဲ့ကြသော သင်တန်းသား/သူများအားလုံး ရရှိသည့် အားကစားနည်းအလိုက် အခြေခံကျောင်းများကို ဆက်လက် ကြိုးစားလေ့ကျင့်သွားကြရန်၊ ထူးချွန်သည့် အားကစားသမားကောင်းများ ဖြစ်လာအောင် ဇွဲ၊ လုံ့လ၊ ဝိရိယကြီးစွာနှင့် စွမ်းစွမ်းတမံကြိုးစား လေ့ကျင့် သွားကြရန် အဖွင့်အမှာ စကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများမှ သင်တန်း ကြီးကြပ်၊ နည်းပြဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ် မြန်မာ့သိုင်း ဆပ်ကော်မတီအတွင်းရေးမှူး ဦးကျော်သန်းမှအခြေခံမြန်မာ့သိုင်း၊ ပြည်နယ် လက်ရွေးစင် မောင်အောင်မြတ်ဖုန်း၊ မြန်မာ့လက်ရွေးစင်မဖူးပွင့်ချိုနှင့် ထူးချွန်သင်တန်းသား(၃)ဦး တို့ကို အမှတ်တရ လက်ဆောင်များချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ အခြေခံမြန်မာ့သိုင်း ပညာစဉ်နှင့် Physical Fitness Dance အကတို့ဖြင့် သရုပ်ပြသခဲ့ကြသည်။
အဆိုပါ သင်တန်းကို မေလ(၁)ရက်နေ့မှ(၂၅)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံမြန်မာ့သိုင်း သင်တန်းသား/သူ(၄၃)ဦး ဘတ်စကတ်ဘောသင်တန်းသား/သူ(၂၀) ဦး Physical Fitness Dance သင်တန်း သား/သူ (၂၂)ဦး ကြက်တောင်ရိုက် အားကစားနည်း သင်တန်းသား/သူ (၂၁)ဦးနှင့် စားပွဲတင်တင်းနစ် အားကစား နည်းသင်တန်းသား /သူ (၄)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်