ချောင်းဆုံ မေ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သာသာနာ့နယ်မြေအတွင်းရှိ မဟာဗောဓိညောင်ပင်အား ကဆုန်ညောင်ရည်သွန်းလောင်းပွဲတော် ကျင်းပခြင်းနှင့် ကျေးရွာရပ်ကွက်များတွင် စတုဒီသာကျွေးမွေးခြင်းများကို ယင်းနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ ကြကြောင်းသိရသည်။
ကဆုန်ညောင်ရေသွန်းပွဲတော်များကို မြို့နယ်အတွင်းရှိ ကွမ်ရိုက်၊ ညောင်လန်း၊ ကမာမို၊ မုဒွန်း ကျေးရွာအစရှိသည့် ကျေးရွာများမှ လူငယ်မောင်မယ်များ ကျေးရွာနေပြည်သူများတို့က မိမိတို့ကျေးရွာ အတွင်း အဖွဲ့လိုက် တန်းစီကာလှည့်လည်ပြီး မဟာဗောဓိညောင်ပင်များရှိရာ ဘုရားပုထိုးစေတီတော်များ၊ သာဿနာ့ နယ်မြေအတွင်းရှိနေရာများတွင် ညောင်ရေသွန်းလောင်းခဲ့ကြသည်။
ထို့နောက် မြို့နယ်အတွင်းကျေးရွာ ရပ်ကွက်အသီးသီးတွင် စေတနာရှင်အလှူရှင်များတို့ကလည်း စတုဒီသာ အဖြင့် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်းနှင့် ယင်းနေ့နံနက် ပိုင်းတွင်လည်း ကဆုန်လပြည့်နေ့ အထိမ်းအမှတ်ဖြင့် ဆွမ်းကြီးလောင်းလှူပွဲများ၊ ဆရာတော်သံဃာတော်များအား ဆွမ်းဆက် ကပ်လှူဒါန်းခြင်း လှူဖွယ်ဝတ္တုများဖြင့် လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်