စစ်ကိုင်း မေ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးမှူး၍ ဝန်ထမ်း၊ တောင်သူ စိုက်ပျိုးရေးဆိုင်ရာစွမ်းဆောင် ရည်မြှင့် တင်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီက မြို့နယ်စိုက်မျိုးရေး ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားဆွေးနွေးပြောကြားကာ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်က ဝန်ထမ်းများ၊ တောင်သူများအနေဖြင့် ယခုသင်တန်းက ပို့ချပေးမဲ့ ပညာရပ်တွေကို စိတ်ဝင်စားစွာ သင်ယူသွားကြပြီး မိမိတို့၏ လယ်ယာစိုက်ပျိုးမြေများတွင် လက်တွေ့အသုံးချ ဆောင်ရွက်သွားကြ စေလိုကြောင်း၊ သို့မှသာ တောင်သူများရဲ့ စိုက်ပျိုးသီးနှံများ အထွက်နှုန်းကောင်း၍ စားဝတ်နေရေး အဆင်ပြေ လာနိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးဇော်ဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၄၃) ဦး၊ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများမှ စိုက်ပျိုးရေးတောင်သူ(၂၈)ဦး တို့တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်ရက်တာ စာတွေ့/ လက်တွေ့သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ဇော်မြင့်နိုင်