ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၁) ကျင်းပ

 

နေပြည်တော်    မေ   ၂၇

ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၁) ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သန်းလင်းက အမှာစကား ပြောကြားသည်။ 

ဆက်လက်၍၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ခရိုင် လမ်းဦးစီးဌာနမှ ခရိုင်အတွင်းရှိ ခရိုင်ချင်းဆက်လမ်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလမ်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး၊ မိုးစပါး၊ မိုးသီးနှံနှင့် ဆောင်းသီနှံများ လျာထား စိုက်ပျိုးနေမှုနှင့် GAP စနစ်ဖြင့် သီးနှံ(၇)မျိုး စိုက်ပျိုးမှုအခြေအနေ၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆည်၊ တာတမံများမှ သောက်သုံးရေပေးဝေမှု၊ နွေစပါး၊ မိုးစပါးများအတွက် ရေပေးဝေမှု အခြေအနေများကို ရှင်းလင်းပြောကြားရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် အဖွဲ့ဝင်(၂) ဦးကျော်ကျော်နိုင်တို့မှ လိုအပ်သည်များ ပြန်လည်မှာကြားခဲ့ကြောင်းသိရသည်။

 

အောင်ကို(ပြန်/ဆက်)