ပျဉ်းမနားမြို့နယ်၌ မြန်မာ့သိုင်း (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ

 

ပျဉ်းမနား    မေ ၂၇

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယနေ့၊ နံနက်(၈)နာရီတွင် ပျဉ်းမနားမြို့နယ်၊ ငကောင်းကံ ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပသည်။

ရှေ့ဦးစွာ  ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်က သင်းတန်းဆင်းအမှာစကား ပြောကြားရာတွင် ယခုလို မြန်မာ့သိုင်း(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းမှာ မိမိတို့နိုင်ငံ၏ အမျိုးသား အားကစားနည်းများအနက်မှ မြန်မာ့သိုင်း အားကစားနည်းကို မြှင့်တင့်သွားရန်၊ တစ်မျိုးသားလုံး ကျန်းမာ့ကြံ့ခိုင်စေရေးအတွက် မြန်မာ့သိုင်းအားကစားနည်းပညာလှုပ်ရှားမှုကို တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှား နိုင်စေရေးနှင့် နိုင်ငံတကာအလယ်၌ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြန်မာ့တို့၏ ရိုးရာမြန်မာ့သိုင်းအားကစားနည်းဖြင့် မြှင့်တင်နိုင်မည့် ထူးချွန်ထက်မြတ်သော နိုင်ငံဂုဏ်ဆောင် သိုင်းအားကစားသမားများ ပေါ်ထွက်လာနိုင်စေရေးတို့အတွက် ဖွင့်လှစ် သင်ကြားပေးရခြင်း ဖြစ်ကြောင်း ‌ပြောကြားသည်။ 

ထို့နောက် နေပြည်တော် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသက်က မြန်မာ့သိုင်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးပြီး၊ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဝေဖြိုးနိုင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ 

အဆိုပါ သင်တန်းသို့ ဇီးကုန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၄) ရက်ကြာ သင်ကြား ပေးခဲ့ကြောင်း သိရသည်။ 

စိုးမိုးအောင်