ရေဦး၊ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်၏ ၂၀၂၁ - ၂၀၂၂ ပညာ သင်နှစ် အခြေံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသားစာရင်းများစတင်လက်ခံခြင်းကို မေ ၂၄ ရက် နံနက် ၁၀ နာရီက မြို့ပေါ် ငါးရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်းများတွင် စာရင်းလက်ခံ ဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိသည်။
ကျောင်းသားများ ကျောင်းအပ်နှံရာတွင် ကျောင်းသားမိဘ သို့မဟုတ် အုပ်ထိန်းသူကိုယ်တိုင်အပ်နှံ ကြရမည် ဖြစ်သည်။ ကျောင်းသားအပ်နှံ စာရင်းပေးသွင်းမည်ဆိုပါက အသက် ၆ နှစ်ပြည့်ပြီး ကျောင်းသားများ မိဘ အုပ်ထိန်းသူ၏သဘောဆန္ဒအရ မိမိကလေးအရည်အချင်းဖြင့်ကိုက်ညီမည့် KG တန်း သို့မဟုတ် ( Grade – 1 ) အတန်းတစ်ခုခုကိုရွေးချယ်စာရင်းပေး ကျောင်းအပ်နှံကြရမည်ဖြစ်ပြီး ကျန်ရှိအတန်းများအနေဖြင့် ဒုတိယ တန်း(Grade -2)၊ တတိယတန်း ( Grade -3 )၊ စတုတ္ထတန်း (Grade -4) မှ ( Grade – 11 )အထိ အတန်းစဉ် အလိုက် အပ်နှံကြရမည်ဖြစ်သည်။
ကျောင်းအပ်နှံရာတွင် ကျောင်းသုံးဗလာစာအုပ်ပုံနှိပ်စာအုပ်၊ နှာခေါင်းစည်းနှင့် face shield များအခမဲ့ ပေးခဲ့သည့်အပြင် အခြားငွေကြေးကိစ္စတစ်စုံတစ်ရာမျှကောက်ခံခြင်းမရှိကြောင်း၊ ရေဦးမြို့နယ်အနေဖြင့် အခြေခံ ပညာကျောင်းပေါင်း ( အထက၊ အထက(ခွဲ)၊ အလက၊ အလက(ခွဲ)၊ အမက၊ အမက (ခွဲ) ) ၁၃၇ ကျောင်းရှိပြီး ကျောင်းဖွင့်လှစ်နိုင်မည့်ကျောင်း ( ၅၇ ) ကျောင်း၊ ကျောင်းဖွင့်လှစ်ရန် အဆင်မပြေသည့် ကျောင်း ( (၈၀ )ဖြစ်ကြောင်း ပညာရေးဌာနတာ၀န်ရှိသူတစ်ဦးကပြောသည်။
ကျောင်းဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်၊ ရပ်ကွက်ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အထောက်အကူပြုအဖွဲ့၀င်များက လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထိုက် ( ရေဦး)