ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ကျိုက်မရောမြို့နယ်၌အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျိုက်မရော မေ ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူ ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားနိုင်ရန်အတွက် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက အ.ထ.ကကျိုက်မရော (ပညာ့အားမာန်) ခန်းမ၌ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးဦး ကအမှားစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးက ကျောင်းအပ်နှံရေးနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ တွင်အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားကျောင်းသူများအား ကိုဗစ်−၁၉ရောဂါကြိုတင်ကာကွယ်ရေးအချက်၃၃ဖြင့်အညီဆောင်ရွက်ပေးကာ ကျောင်းလာရောက် အပ်နှံသည့် ကျောင်းသူကျောင်းသားများအားမည်သည့်အခကြေးငွေ ကောက်ခံမှုမရှိပဲ ကျောင်းသား တစ်ဦးလျှင်ကျောင်းသုံးဗလာစာအုပ်၊ခဲတံဘောပင်မျက်နှာအကာနှင့် နှာခေါင်းစည်းများကို အခမဲ့ ထုတ်ပေးထားပြီး ဇွန်လ၁ရက်နေ့၌ ကျောင်းများစတင်ဖွင့်လှစ်ကာ စာသင်ကြားပေး သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၌ ပြန်ဖွင့်လှစ်မည့်အခြေခံပညာ ကျောင်းပေါင်း (၁၄၁)ကျောင်းရှိကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး