ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကလေး မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး (vaccine) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ကလေးမြို့ ကုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် ဘိုးဘွားရိပ်သာတို့ တွင် ကျန်မာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (vaccine) ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၉) ဦး ဆေးကုသမှုခံယူလျက်ရှိပြီး ထိတွေ့ ဆက်ဆံ့ခဲ့သူများ ကိုလည်း Home Quarantine ထား၍ စောင့်ရှောက် ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ Social Distancing စနစ်ဖြင့် ကုတင် (၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် (၁၂၄) ဦးနှင့် ဘိုးဘွားရိပ်သာ (၅၅) ဦးတို့ကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်(ကလေး)မှ ဗိုလ်မှူးကြီး သန့်ဇင်ဦး၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

မောင်ကျော်