ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

 
ဖောင်းပြင် မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးတွင် မေလ ၃ ရက်နေ့စ၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖောင်းပြင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မေလအတွင်း ကျေး ရွာ အုပ်စု (၈) အုပ်စုရှိ အိမ်ထောင်စုလူဦးရေစာရင်း (၂၂၇) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၇၅) ကတ်ကို ဆောင်ရွက် ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာအုပ်စုများအား လစဉ်အလှည့်ကျဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဌာနက မြို့နယ်ဦးစီးမှူး ဦးစည်သူကျော်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)