လယ်ဝေး မေ ၂၈
တောင်သူလယ်သမားကြီးများ လယ်ယာစိုက်ပျိုးချိန်တွင် အဆင်ပြေစေရန်အတွက် မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လယ်ဝေးမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါချေးငွေများကို လယ်စိုက်ပျိုးထားသော တောင်သူလယ်သမားများအတွက် တစ်ဧကလျှင် ငွေကျပ်(၁၅၀၀၀၀)နှုန်း၊ ယာစိုက်ပျိုးထားသော တောင်သူလယ်သမားများအတွက် တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀၀)နှုန်းဖြင့် လယ်ဝေးမြို့နယ် နောင်ဘိုကျေးရွာအုပ်စုမှ တောင်သူ(၃၆)ဦး၏ လယ်ယာ(၁၃၃) ဧကအတွက် ချေးငွေ(၁၉၉၅၀၀၀၀)ကျပ်ကို ထုတ်ချေးပေးခဲ့ပြီး ၂၀၂၁-ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလမှ စက်တင်ဘာလအတွင်း တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်သည်။
လယ်ဝေးမြို့နယ်အတွင်း ၂၀၂၀-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွင် ကျေးရွာ အုပ်စု(၇၂)အုပ်စုမှ တောင်သူ(၁၂၂၈၅)ဦး၏ လယ်ယာ(၄၇၇၀၁)ဧကအတွက် ချေးငွေများထုတ်ချေးပေးခဲ့ပြီး ထိုတောင်သူများ၏ ယခင်နှစ်ချေးငွေကို ပြန်လည်ပေးဆပ်ပြီးသူများသာ ၂၀၂၁-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)