ကသာ မေ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာ-ထီးချိုင့်ကားလမ်းအနီး ကသာမြို့၊ ပတ္တမြားချောင်းနေရာတွင် ယမန်နေ့၊ မွန်းလွဲ (၂)နာရီ (၃၅)မိနစ်အချိန်ခန့်က (၁၂)ဘီးဘောက်ဆာဆီသယ်ယာဉ်တစ်စီး မီးလောင်ခဲ့ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါမီးလောင်မှုသို့ ကသာမြို့ရှိ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ မီးသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၂)စီး၊ ဆီမီးသတ်ယာဉ်(၁)စီးနှင့် စည်ပင်သာယာရေးကော်မတီမှ ရေကားများဖြင့် ဝိုင်းဝန်းငြိမ်း သတ်ခဲ့ရာ ညနေ(၃)နာရီ (၁၅)မိနစ်အချိန်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။