ကျိုက်မရောမြို့နယ်၌ အခြေခံပညာ မူလတန်းလွန်ကျောင်း မီးလောင်မှုဖြစ်ပွား

 
ကျိုက်မရော မေ ၂၈
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်ချောင်းနှစ်ခွကျေးရွာမီးသတ်စခန်းမှ ၅ မိုင်ခန့်ကွာ ဝေးသော လှကဇိုင်းကျေးရွာအုပ်စု၊တောင်ကလေးကျေးရွာအရှေ့စု မူလတန်းလွန် ကျောင်းတွင် ယမန်နေ့ ညနေက မီးလောင်မှုဖြစ်ပွားနေကြောင်း ဖုန်းသတင်းအရ ချောင်းနှစ်ခွနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီး၊ ကျွန်းရွာမီးသတ်နယ်မြေမှ ယာဉ်တစ်စီး၊တောင်ကလေးကျေးရွာမှ ပုဂ္ဂလိကရေသည်ယာဉ်တစ်စီး၊ပေါင်း(၅)စီး၊ အင်အားသန္ဓေ(၇)ဦး အရန်မီးသတ်တပ်ဖွဲ့(၂၀)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ညနေ၅နာရီခန့် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါစာသင်ကြောင်းမီးလောင်မှုကြောင့်ပေ(၄၀×၂၀)သွပ်မိုးအုတ်ညှပ် တစ်ထပ်ဆောင်ကျောင်းတစ်ခု၊သစ်သားဘီဒို ၄လုံး၊white Board(၄)ချပ်၊သစ်သားစာသင်ခုံ (၂၀)လုံး၊ မီးလောင်ဆုံးရှုံးပြီး အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များထိခိုက်ပျက်စီးမှု မရှိ ကြောင်းနှင့်မီးလောင်မှုဖြစ်စဉ် နှင့်ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကြောင်း မြို့နယ် မီးသတ် ဦးစီးမှူးရုံးမှသိရသည်