စစ်ကိုင်း ဩဂုတ် ၉
အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (စစ်ကိုင်း)မှကြီးမှူး၍ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ လိုက်နာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၏ အချက်အခြာကြသည့် နေရာများတွင် မိုလ်ဘိုင်းယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
" ကျွန်တော်တို့ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်ရေးနဲ့ ဖြစ်ပွားမှု အန္တရာယ် လျော့ကျနိုင်ရေးအတွက် မိုလ်ဘိုင်းယာဉ်ဖြင့် လှဉ့်လည်ပြီး အသိပညာပေး ဆောင်ရွက်ပေးနေ တာပါ အဓိကတော့ ဦးထုပ်မဆောင်းကြဘူး မီးပွိုင့်မှာ အဝင်/အထွက် မမှန်ကြဘူး အဲဒီလိုစည်းကမ်း မလိုက်နာမှုတွေကြောင့် ယာဉ်အန္တရာယ် ဖြစ်ခဲ့တဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ မိုလ်ဘိုင်းယာဉ် အသုံးပြုကာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရအောင် လှည့်လည်ပြီး ပညာပေးဆောင်ရွက် ပေးတာပါ" ဟု အမှတ်(၁၀၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး (စစ်ကိုင်း)မှ ဒုတိယရဲမှူး ဝင်းကိုကို က ပြောပြ၍သိရသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ(၂၀၂၀) အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ရာ ယာဉ်မောင်းသူ/ ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် အချက်များ၊ သတိပြုရှောင်ရှား ရမည့် အချက်များ၊ တားမြစ်ဥပဒေများကို ချိုးဖောက်ပါက ကျခံရမည့် ပြစ်မှု/ပြစ်ဒဏ်များနှင့် ယာဉ်တိုက်မှု ဖြစ်ပွားပါက ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များကိုလည်း လက်ကမ်းစာစောင်တွင် ဖော်ပြပေးထားကြောင်း သိရသည်။
ဇော်မြင့်နိုင် ခရိုင်(ပြန်/ဆက်)