သံဖြူဇရပ်မြို့နယ်၌ သဘာဝဘေးဆိုင်ရာ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

သံဖြူဇရပ်  မေ  ၃၁

 

မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်၌  သဘာဝဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း   အစည်းအဝေးကို ယနေ့ နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ရာ ဗိုလ်မှူးချုပ်ကျော်ကျော်ဦး ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက် ကြကြောင်းသိရသည်။

အစည်းအဝေးတွင်   အမှတ်(၄)တပ်မတော်  တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ   ကျောင်းအုပ်   ဗိုလ်မှူးချုပ် ကျော်ကျော်ဦး က သဘာဝဘေးဆိုင်ရာ  ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များဖြစ်သည့်     မိုးရာသီတွင်ဖြစ်ပွားတတ်သည့် လုပ်ငန်းများ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ စီမံဆောင်ရွက် ထားရှိမှုများ၊   ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး   လုပ်ငန်းများတွင်   ကော်မတီဝင်များမှ  ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေး၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသော ကာလ ဖြစ်၍ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးဆိုင်ရာကဏ္ဍများတွင် သတိပြုနေထိုင်သွားလာကြ စေရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

 

အေးအေးသီ