ဒီပဲယင်းမြို့နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁၁၈၈၉၉) ဦးရှိ

ဒီပဲယင်း သြဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ် ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများကြည့်ရှုနိုင်ရန် ဒီပဲယင်း မြို့မစည်ပင်သာယာစျေး၊ မြို့အတွင်း၌လည်းကောင်း စိုင်ပြင်မြို့စည်ပင်သာယာစျေးရှေ့တို့တွင် ရွေးကောက်ပွဲ မဲစာရင်း ကပ်ထားကြေညာမှုတွင် မိမိအမည်မပါခြင်း၊ အချက်အလက်အမှားများ ပြင်ဆင်ရန်၊ မပါဝင်သင့်သူများ ပါရှိက ပယ်ဖျက်ရန်ပုံစံများကို မည်သို့ဆောင်ရွက်ရမည်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ နှိုးဆော်ခဲ့ပါသည်။

ဒီပဲယင်းမြို့နယ်တွင် ကျေးရွာအုပ်စု ၆၃ အုပ်စုရှိပြီး အမှတ် ၁ တိုင်းဒေသကြီးတွင် ၂၅ အုပ်စု၊ အမှတ် ၂ တိုင်းဒေသကြီးတွင် ၃၈ အုပ်စု မဲရုံအားဖြင့် အမှတ် ၁ တွင် ၅၄ ရုံ အမှတ် ၂ တွင် ၇၁ ရုံ စုစုပေါင်း ၁၂၅ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၈၈၉၉ ဦးရှိကြောင်း မြို့နယ်ရွေးကေက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးသန်းထွန်းက ပြောကြားခဲ့သည်။

သိန်းထွန်း(ဒီပဲယင်း)