ကျိုက်မရော ဇွန် ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများ အားလုံး ယနေ့တွင် စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းများစတင်ဖွင်လှစ်သင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး ဇွန်လ ၁ရက်နေ့တွင် သတ္တမတန်းသင်ရိုးဟောင်း/ ဒသမတန်း သင်ရိုး ဟောင်းအတန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သက်ဆိုင်ရာ အတန်းအလိုက် ကျောင်းအပ်နှံပြီး သူကျောင်းသားကျောင်းသူ စုစုပေါင်း (၁၃၆၂၅) ဦးရှိပြီး အထက်တန်း ကျောင်းသားဦးရေ ၅၆၀ ဦး၊ အလယ်တန်း၊ ၄၀၂၅ ဦး၊ မူလတန်း ၉၀၄၀ ဦးဖြစ်ရာ ကျောင်းလာရောက်အပ်နှံပြီးသူ ၃၃. ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများဖွင့်လှစ် ရာတွင်ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းလုံခြုံရေး အစီအစဉ်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အဆက်မပြတ် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)