ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင် ဖွင့်လှစ်သင်ကြား

ဇမ္ဗူသီရိ ဇွန် ၁

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာ သင်ကြားလျက်ရှိ ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြားရာတွင် ကျောင်းအတွင်း မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ နှာခေါင်းစည်း၊ မျက်နှာကာများတပ်ဆင်ခြင်း၊ ကျောင်းအဝင်နှင့် စာသင်ဆောင်ရှေ့၌ လက်ဆေးဘေစင်များ ထားရှိပြီး စနစ်တကျ လက်ဆေးစေခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ  ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား မိဘများ၊ ဆရာဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များ ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။

ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူဦးရေမှာ အထက်တန်း အဆင့်တွင် (၁၂၂၂) ဦး၊ အလယ်တန်း အဆင့်တွင် (၃၆၅၆) ဦး၊ မူလတန်းအဆင့်တွင် (၅၆၉၃) ဦး၊ စုစုပေါင်း (၁၀၅၇၁) ဦး ကျောင်း အပ်နှံပြီး တက်ရောက်ပညာသင်ကြားနေကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)