သထုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

သထုံ ဇွန်  ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ ကျောင်းများကို ယနေ့ နံနက်ကစတင်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း အထက်တန်းအဆင့် ကျောင်းပေါင်း(၂၀)၊အလယ်တန်းအဆင့် ကျောင်း ပေါင်း(၁၁)ကျောင်းနှင့်၊ မူလတန်းအဆင့် ကျောင်း(၁၄၈)ကျောင်း၊ စုစုပေါင်း(၁၇၉) ကျောင်းရှိပြီး မေလ ၂၄ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ကာ ကျောင်း အပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ‌ ကျောင်းဖွင့် ချိန်၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအလိုက် ကျောင်းကော်မတီများနှင့် ကျောင်းလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍ ကျောင်းဝန်းကျင် လုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)