ပုဗ္ဗသီရိ ဇွန် ၁
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းများသို့ တက်ရောက်ကြမည့် ကျောင်းသား/သူများအား စာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးဘေစင်ထားရှိပေးခြင်း၊ Hand Gel များ ထားရှိပေးခြင်း၊ အခမဲ့ဖြန့်ဝေပေးထားသည့် နှာခေါင်းစည်း (Mask)နှင့် (Face Shield)တို့တပ်ဆင်စေခြင်း အစရှိသည်တို့အား ဆောင်ရွက်ပေးလျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၅၉)ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားသည့် ကျောင်းသား/သူ အရေအတွက်မှာ (၁၇၂၈၈)ဦးခန့်ရှိပြီး (၇၄.၅၅)ရာခိုင်နှုန်းခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)