ဥတ္တရသီရိ ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီမှစတင်၍ ကျောင်းသား/သူများ မိမိတို့အပ်နှံထားသော သက်ဆိုင်ရာကျောင်းများသို့ သွားရောက်၍ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများ စာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ် နိုင်ရေးအတွက် လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား/သူများအား ကျောင်းဝန်းအဝင်၌ ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးဘေစင်ထားရှိ၍ လက်ဆေးစေခြင်း၊ အခမဲ့ဖြန့်ဝေပေးထားသည့် ပါးစပ်နှာခေါင်းစည်း (Mask)နှင့်(Face Shield) တို့တပ်ဆင်စေခြင်း အစရှိသည်တို့အား ဆောင်ရွက်၍ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၉)ကျောင်း၊ မူလတန်းကျောင်း ခွဲ(၂)ကျောင်း၊ မူလတန်းလွန်ကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၇)ကျောင်း၊ အလယ် တန်းကျောင်းခွဲ (၅)ကျောင်း၊ အထက်တန်းကျောင်း (၇)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၆) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း (၄၈)ကျောင်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)