ရွှေဘို ဇွန် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဘိုတဲကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေး စီမံ ကိန်းရန်ပုံငွေ(VDP)ဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့၊ နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ယခုနှစ်ဘဏ္ဍာရေးနှစ်တွင် ဘိုတဲကုန်းကျေးရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ(VDP) ကျပ်သိန်း(၁၀၀)၊ ပြည်သူ့ထည့်ဝင်ငွေ(၁၀)သိန်းဖြင့် ကျေးရွာ တွင်း လမ်းအရှည် ၃၈၁ ပေ၊ အကျယ် ၁၄ပေ၊ ထု ၉လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ရွှေဘို ခရိုင်ကျေးလက်ဒေသဖွဲ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမြင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လမ်းအရည်အသွေး ပြည့်မီပြီး ရှေရှည်အသုံးပြုနိုင်ရေးနှင့် သတ်မှတ်အချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် လမ်းကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁-၂၂ဘဏ္ဍာရေးနှစ်တွင် စီမံကိန်း ကျေးရွာ (၁)ရွာလျှင် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေ(VDP) ကျပ်သိန်း(၁၀၀)နှင့် ဒေသခံ ပြည်သူများ၏ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။ ထို့သို့ဆောင်ရွက်ရာတွင် မိမိတို့ကျေးရွာ၏ လမ်း၊ တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ အဆောက် အဦးများ စသည့်ပကတိ လိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေး အစီအစဉ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်များကို ဒေသခံပြည်သူများကိုယ်တိုင်ရေးဆွဲ လုပ်ကိုင်စေ၍ မိမိတို့ ဌာနမှ နည်းပညာများကို ပံ့ပိုးဆောင်ရွက်ပေးကာ လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးမြင့်ထံမှ သိရှိရသည်။