ဥတ္တရသီရိ တပ်နယ်အတွင်းရှိ အရာရှိ/စစ်သည် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

နေပြည်တော်      ဇွန်   

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း မှစတင်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိတပ်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ/စစ်သည်မိသားစုဝင်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ပေးနေမှုအား နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်ထောင်စုနယ်မြေ ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်သိန်းဆိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။

ဥတ္တရသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် လက်ရှိဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းရှိကာ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ လက်ရှိဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ ရွှေ့ပြောင်းနေထိုင်ပြီး မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ ရွေ့ပြောင်းနေထိုင်ပြီး မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆောင်ရွက်ပေးမှုအပါအဝင် အိမ်ထောင်စုလူဦးရေ စာရင်းပေါင်း(၁၅၀)ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း(၂၁၀)ကတ်တို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့်ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏထံမှ သိရသည်။

အောင်ကို(ပြန်/ဆက်)