မြင်းမူ ဇွန် ၂
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၄)ရက် နေ့မှ (၃၁) ရက်နေ့ထိ လက်ခံပြီး ဇွန်လ(၁)ရက်နေ့မှ စတင်ကာ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်လျက် စာသင်ကြား ပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်တွင် အထက်တန်းကျောင်း(၉)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၆)ကျောင်း၊ အလယ်တန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၂) ကျောင်း၊ မူလွန်ကျောင်း (၁၁)ကျောင်း၊ မူလတန်းကျောင်း (၄၈) ကျောင်းနှင့် ဘုန်းတော်ကြီး စာသင်ကျောင်း (၂) ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၁၀၀) ရှိပြီး ကျောင်းအပ်နှံ တက်ရောက်သူများကို Mask၊ Face Shield ၊ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်တွင် မေလ(၂၄)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံ သည့် ကျောင်း သား၊ ကျောင်းသူ စုစုပေါင်း (၂၇၀၃) ဦးရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)