ကျိုက်ထိုမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆို

 


ကျိုက်ထို၊  ဇွန် ၂


ကျိုက်ထိုမြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့ မွန်းလွဲ (၁၂)နာရီမှ ညနေ(၄)နာရီအထိ ကျိုက်ထိုမြို့နယ် သာသနာ့ဗိမ္မာန်တွင် စာဖြေဌာနဖွင့်လှစ်၍  ကိုဗစ်(၁၉)
ရောဂါကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ရဟန်းသံဃာ ၊သီလရှင်များ စတင် ဖြေဆို ခဲ့ကြကြောင်းသိရသည်။

 


ကျိုက်ထို မြို့နယ်လုံးဆိုင်ရာ ဓမ္မာစရိယ စာမေးပွဲကို ဇွန်(၁)ရက်မှ ဇွန်(၉)ရက်နေ့အထိ ဖြေဆို သွားမှာဖြစ်ပြီး စာရင်းရှိ (၁၁၈)ပါးရှိရာ ဓမ္မစရိယ စာမေးပွဲလာရောက် ဖြေဆိုသူ ရဟန်း(၅၂)ပါး၊သီလရှင်(၂)ပါး စုစုပေါင်း (၅၄)ပါး သာဖြေဆိုခဲ့ကြ ကြောင်းသိရသည်။

 


ဓမ္မာစရိယ စာမေးပွဲဖြေဆိုရာသို့ မြိုနယ်သံဃနာယက အဖွဲ့မှဆရာတော်ကြီးများ၊မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှူ့ကြည်ညို
ခဲ့ကြပြီး ပါဠိပထမပြန် စာမေးပွဲကို ဇွန်(၇)ရက်နေ့မှ ဇွန်(၁၃)ရက်နေ့ အထိဖြေဆိုသွား မည်ဖြစ်
ကြောင်း မြို့နယ်သာသနာရေးရုံးမှသိရသည်။



၀င်းမောင်