ပျဉ်းမနား ဇွန် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲကို ဇွန် ၁ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆရာတော် များနှင့် စာဖြေသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီးတွင် ဆက်ကပ်လှူဒါန်းခဲ့သည်။
၂၀၂၁ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းပွဲတွင် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဘဒ္ဒန္တဣန္ဒာဝုဓ မဟာထေရ်မြတ်က ငါးပါးသီလချီးမြှင့်ပေးတော်မူပြီး နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဓမ္မာစရိယစာမေးပွဲတွင် ကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်(၁၆၆)ပါး၊ သီလရှင်(၁)ပါးအတွက် ဆွမ်းစရိတ်ဝတ္ထုငွေကျပ်(၈၄၀၀၀၀) ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပျဉ်းမနားမြို့၊ မဟာလယ်တီစံ ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ကမ္မဌာနာစရိယ၊ ဘဒ္ဒန္တဣန္ဒာဝုဓ မဟာထေရ်မြတ်က လှူဒါန်းမှုအစုစုတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ရေစက်သွန်းချ အမျှပေးတရားတော် ချီးမြှင့်ပေးတော်မူခဲ့ကြောင်း သိရသည်။
စိုးမိုးအောင်