ကျွန်းလှ ဇွန် ၂
၂၀၂၁ -၂၀၂၂ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား ဇွန်လ(၁)ရက်နေ့မှ စတင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ယနေ့အထိကျောင်းသား၊ ကျောင်းသူများ တက်ရောက် ပညာ သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းများဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ သင်ကြားလျက်ရှိကြောင်း ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင် များ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီများ ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်ပေးကြကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် အခြေခံပညာကျောင်း(၁၀၁)ကျောင်းရှိပြီး အထက်တန်း (၂၀၆)ဦး၊ အလယ် တန်း(၈၅၂)ဦး၊ မူလတန်း(၁၂၆၈)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်သင် ပညာရေးကျောင်းတို့တွင် အလယ်တန်း (၆၇)ဦး၊ မူလတန်း(၁၅၂)ဦး ပညာသင်ကြားလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်ကပြောကြားသည်။
မျိုးဝင်းညို