သံဖြူဇရပ် ဇွန် ၂
မွန်ပြည်နယ် မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ်အတွင်း၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အတွင်း အခြေခံ ပညာ ကျောင်းများကို ဇွန်လ၁ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှု့စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန်လ ၂ ရက်နေ့ အထိ မြို့နယ်အတွင်း အခြေခံ ပညာကျောင်းပေါင်း(၁၃၀)ကျောင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀၃၂)ဦး၊ အလယ်တန်း အဆင့် ကျောင်းသား၊ကျောင်းသူ(၄၀၇၆) ဦး ၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၉၈၈၃)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၄၉၉၁)ဦးကို တစ်နေ့ လျှင်စာသင်ချိန်(၄)နာရီ(၅)ချိန်ဖြင့် သင်ကြား ပေးလျက်ရှိပြီး၊ နောင်တွင် ပုံမှန်အတိုင်း တစ်နေ့လျင် စာသင်ချိန်(၈) ချိန်သင်ကြားပေးနိုင်ရေးစီစဉ် ဆောင်ရွက် လျက်ရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေးအေးသီ