ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ယင်းမာပင်  ဇွန် ၄

စစ်ကိုင်တိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ယင်းမာပင်ခရိုင် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်က အမှာစကား ပြောကြားရာတွင် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက မိမိတို့  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ရုံးများကိုလည်း လုံခြုံရေး အထူးဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြာသည်။

ယင်းနောက် တက်ရောက်လာသော ခရိုင်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများတွင် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းမော်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ ကိုဆွေးနွေးပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းခိုင်ထွန်းက လုံခြုံရေးကို အထူးဂရုပြုကြပ်မတ်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍  ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်အောင်(ယင်းမာပင်)