တပ်ကုန်း ဇွန် ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတ ရေရှည်တည်တံ့ ပွားများစေရန်၊ ငါးရိက္ခာနှင့် ငါးထုတ်ကုန်မြင့်မားစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး အထောက်အကူ ဖြစ်စေရန်၊ ဒေသအတွင်းအလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်ကာ တပ်ကုန်းမြို့နယ် ဒဟတ်ကုန်းကျေးရွာအနီး၊ ဆင်သေရေလွှဲဆည်တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက အဆိုပါဆည်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးက သက်ဆိုင်ရာ တာဝန်ရှိသူများအား ငါးခုံမ၊ ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၂၀၀၀၀) ပေးအပ်ပြီး၊ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက တပျော်တပါး ဆင်သေရေလွှဲဆည် အတွင်းသို့ ငါးမျိုးစိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်