ဘီးလင်းမြို့နယ်၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ ကျင်းပ

ဘီးလင်း ဇွန် ၅ 

ဘီးလင်းမြို့နယ်၌ ၂၀၂၁ ခုနှစ်မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်း ဘုရားဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထင်လင်းအောင်-၁ က ကျိုက်ထီးဆောင် ဆရာတော် ဦးဝေပုလ္လနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေယံအောင်တို့ထံ ပျိုးပင်များ လွှဲပြောင်း ပေးအပ်ခဲ့သည်။

ယင်းနောက် သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရာ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သီလရှင်ဆရာလေးများ၊ ဒေခံပြည်သူများက ရေမနေပျိုးပင် ၂၇၀ ပင်၊ မဟော်ဂနီ ပျိုးပင် ၂၇၀ ပင် တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဘီးလင်း(ပြန်/ဆက်)