ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကျိုက်မရော    ဇွန်     ၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်သစ်တောဦးစီးဌာနမှ "ပတ်ဝန်းကျင်ရေရှည် တည်တံ့ ကောင်းမွန်ဖို့ ဂေဟစနစ်ကိုပြန်လည်ပြုပြင်ထိန်းသိမ်းကြပါစို့"ဆောင်ပုဒ်နှင့်အညီ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်တွင်ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့ မြွေဟောက်ကျေးရွာ၊အားကစားကွင်း၌ကျင်းပပြုလုပ်သည်။

ရှေးဦးစွာကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်း များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကျွန်းပင်၊ပျဉ်းကတိုးပင်၊ မဟော်ဂနီ၊မန်ဂျန်ရှားစသည့်သစ်ပင်များကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးပေးခဲ့ ကြသည်။

ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရနှစ်ရှည်ပင်များဖြစ်သည့် ကျွန်းပင်၁၀၀၊ ပျဉ်းကတိုးပင် ၁၀၀၊မဟော်ဂနီ၁၀၀၊မန်ဂျန်ရှားပင်၂၅၀ စုစုပေါင်းသစ်ပင်၅၅၀ ကို စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးမှူးရုံး၊ တောအုပ်ကြီး ဦးဇော်လွင်ဦးထံမှသိရသည်။

ချိုမြတ်မြတ်ထွေး ( ပြန်/ဆက်)