ကလေးဝ ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒစာရင်းများကြေညာ ထားခြင်းကို ယမန်နေ့က ကျေးရွာအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများ ကြေညာကပ်ထားရာသို့ ကျေးရွာနေ ပြည်သူများလာရောက်ကြည့်ရှုနေမှုအခြေအနေ၊ မဲစာရင်းတွင်မပါရှိပါက ဆောင်ရွက်ပေးနေသည့်အခြေအနေ၊ အချက်အလက်များ မှန်/မမှန် စစ်ဆေးနေမှုနှင့် သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ဆောင်ရွက်ပေးနေခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။
ကလေးဝမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ၃၉ အုပ်စု၊ ကျေးရွာပေါင်း ၁၂၅ ရွာ ရှိပြီး မဲရုံ ပေါင်း ၆၉ ရုံထားရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကျား ၂၁၆၇၂ ဦး၊ မ ၂၂၄၄၃ ဦး စုစုပေါင်း ၄၄၁၁၅ ဦး ရှိကြောင်းသိရသည်။
သက်ဟန်(ကလေးဝ)