ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးရေလှောင်တမံတွင် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇွန်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနက ငါးသယံဇာတရေရှည်တည်တံ့ ပွားများစေရန်၊ ငါးရိက္ခာနှင့်ငါးထုတ်ကုန်မြင့်မားစေရန်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအထောက် အကူဖြစ်စေရန်၊ ဒေသအတွင်းအလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန် ရည်ရွယ်ကာ ဥတ္တရသီရိမြို့နယ်ရှိ ချောင်းမကြီးရေလှောင်တမံတွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ငါးခုံမ၊ ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၂၀၀၀၀) အား နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုအေးနှင့်အတူ ငါးလုပ်ငန်းဦးစီးဌာန ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ  ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ရေလှောင်တမံအတွင်းသို့  ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)