ဝန်းသို မေ ၇
၂၀၂၀-၂၀၂၁ခု ပညာသင်နှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသည့် သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် လှုဖွယ်ဝတ္ထုဆက်ကပ်လှုဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ခန္တီးပရိယတ္တိစာသင်တိုက်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်လုံးဆိုင်ရာ သာသနာရေးကိစ္စရပ်များအား ကောလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်မှ လျှောက်ထားတင်ပြခဲ့သည်။
အောင်မြင်တော်မူသည့် မထမကြီးတန်း (၁၂) ပါး၊ ပထမလတ်တန်း (၆) ပါး၊ ပထမငယ်တန်း (၁၀) ပါး၊ အခြေခံမူလတန်း (၁၄) ပါး စုစုပေါင်း သံဃာတော်များနှင့် သီလရှင် (၄၂) ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဝတ္ထုငွေတို့ကို အသီသီး ဆက်ကပ်လှုဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ် ရွတ်ဆို ၍ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကျော်မြိုင်