ပန်ဆောင် ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အတွင်းရှ ိကျေးရွာ ၃ ရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း တိုင်ဒေသကြီးရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်သည့် တစ်အိမ်ထောင်သုံးဆိုလာများကို ယနေ့ နံနက်ပိုင်းက ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆိုလာများကို ပန်ဆောင်မြို့အတွင်းရှိ ဆွန်ပါကျဲသရောက်ကျေးရွာ၊ နောင်ဆိုင်တ ကုန်းကျေးရွာ၊ ယော့ကွန်ကျေးရွာ ၃ ရွာရှိအိမ်ခြေ ၂၈၃ အိမ်အတွက်ဆိုလာ၂၈၃စုံကို ပန်ဆောင်မြို့၊ နောင်ယန်းခန်းမတွင်မြို့ အုပ်ချုပ်ရေးမှူးဦးမျိုးမင်းဦးက သက်ဆိုင် ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ကြောင်းသိရသည်။
ဂျာယော်