ကျိုက်မရော ဇွန် ၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်စ ဇွန်လ ပထမပတ် အတွင်း ကျောင်းသား/သူပေါင်း (၁၇၂၅၆) ဦး တက်ရောက်ပြီး အေးချမ်းစွာ ပညာသင်ကြားလျက် ရှိကြသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျိုက်မရောမြို့နယ်၌ အ.ထ.က (၈) ကျောင်း၊ အ.ထ.ကခွဲ (၁၁) ကျောင်း၊ အ.လ.ကကျောင်း (၈) ကျောင်း၊ အ.လ.ကခွဲ( ၁၇) ကျောင်း၊ မူလွန် (၂၈) ကျောင်း၊ အ.မ.က(၆၈) ကျောင်း၊ အ.မ.က ခွဲ (၁) ကျောင်းစုစုပေါင်း (၁၄၁) ကျောင်း ဖွင့်လှစ်ကာ ပညာသင်ကြားလျက်ရှိပြီး ယနေ့ထိ ကျောင်းသား/ ကျောင်းသူ (၁၇၂၅၆) ဦးတို့က အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြသည်။
အဆိုပါကျောင်းများ ဖွင့်လှစ်သင်ကြားရာတွင် ကိုဗစ်-19 ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်၊ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားရှိပြီး ကျောင်းလုံခြုံရေးနှင့် ကျောင်းသူ၊ ကျောင်းသား များ၏ လုံခြုံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ချိုမြတ်မြတ်ထွေး