အရာတော် ဇွန် ၇
၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင် လက်မှတ်နှင့် လှူဖွယ်ဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ကအရာတော်မြို့ ၊သီရိရတနာ ကန်ဦးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(သုဓမ္မာ) ဆရာတော်ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်က သာသနာတော်ထွန်းကား ပြန့်ပွားရေး ဆိုင်ရာကိစ္စရပ်များကို လျှောက်ထားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဌနှင့်အဖွဲ့ဝင်များ၊အလှူရှင်များက ၂၀၂၀ ပြည့် နှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲအောင်မြင်ခဲ့သည့် ပထမကြီးတန်း(၆)ပါး၊ ပထမလတ် တန်း (၃)ပါး၊ ပထမငယ်တန်း(၄)ပါး၊ အခြေပြုမူလတန်း(၃)ပါး၊ စုစုပေါင်းစာအောင်သံဃာ (၁၆)ပါးအား ဂုဏ်ပြုအလှူတော်ငွေကျပ် (၃) သိန်း(၈)သောင်းနှင့်အောင်လက်မှတ် များကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ (ရွှေကျင်)ဆရာတော်မဟာ သဒ္ဓမ္မဇောတိကဓဇ ဥုးပညာဇောတ ထံမှရေစက်သွန်းချ အနုမောဒနာတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နွယ်နီမြင့်