ဝက်လက်မြို့နယ်၌ ပါဋိပထမပြန် စာမေးပွဲ ကျင်းပ

ဝက်လက် ဇွန် ၇ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ဝက်လက်မြို့နယ်တွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က အုဋ်တိုက်ကျောင်း အတွင်း တွင်ပါဋိပထမပြန် စာမေးပွဲကို ကျင်းပပြုလုပ်ကြောင်း သိရသည်။ ပါဋိပထမပြန်စာမေးပွဲကို ဝက်လက်မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ စာဖြေ သံဃာတော်များ ဖြေဆိုရာတွင် အခြေပြုမူလတန်းတွင် သာမဏေ ၁၉ ပါး၊ပထမငယ်တန်းတွင် ရဟန်း ၁ ပါး၊သာမဏေ ၉ ပါး၊ပထမလတ်တန်းတွင် ရဟန်း ၄ ပါး၊သာမဏေ ၉ ပါး၊ ပထမ ကြီးတန်းတွင် ရဟန်း ၁၅ ပါး၊သာမဏေ ၃ ပါး၊စုစုပေါင်းရဟန်း ၂၀ ပါး၊သာမဏေ ၄၀ ပါး ဖြေဆိုကြကြောင်းသိရသည်။ စာဖြေသံဃာတော်များကို မြို့နယ်အတွင်းရှိ ဋ္ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများက ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ အချိုရည်များ ဆက်ကပ် လှူဒါန်းလျက်ရှိပြီး အောင်မြင်စွာ ပြီးမြောက်နိုင်ရေး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရပါသည်။ ပြန် / ဆက် ( ဝက်လက်)