ဗန်းမောက် ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အလယ်ရွာကျေးရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် လျှပ်စစ်မီးဖွင့်ပွဲကို ယမန်နေ့ ညနေ ၆ နာရီက အဆိုပါကျေးရွာ မုခ်ဦးရှေ့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ကံရွာကျေးရွာအုပ်စု၊ အလယ်ရွာကျေးရွာ မီးလင်းရေးဖွင့်ပွဲကို အမှတ်(၁) တိုင်းဒေသ ကြီးလွှတ်တောက်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ထွန်းလင်း ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦသန်းဇော်ဌေး၊ မြို့နယ်လျှပ်စ်စစ် မှူးရုံး ဦးစီးမှူး ဦးမောင်တိုး၊ မြို့နယ်ဥပဒေအထောက်အကူပြုရေးအဖွဲ့ ဥက္ကဌ ဦးရီစိန်နှင့် ကတူးတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ဝင်းတင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ "အခုလို လျှပ်စစ်ဌာနမှ ကျေးရွာမီးလင်းရေးအတွက် ဆောင်ရွက်ပေးခဲ့တာကို ကျွန်တော်တို့ ကျေးရွာမှာ တစ်ကြိမ်တစ်ခါမှ မရဘူးသေးတဲ့ ဒီမီးကို ယခုအခါ လျှပ်စစ် ဝန်ကြီးဌာနမှ မီးလင်းရေးကို အိမ်တိုင်ရာရောက် ၂၄ နာရီမီး လင်းလာတဲ့အတွက် ဝမ်းသားပီတိဖြစ်မိပါတယ်။ ကျေးလက်မီးလင်း ရေးများကို ဆောင်ရွက်ပေးတဲ့ မြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်မှ တာဝန်ရှိသူများ ကို ကျေးဇူးတင်ပါတယ်"ဟု မီးလင်းရေးကော်မတီ အဖွဲ့ဝင် ကိုမောင်လွင်က ပြောသည်။
ဗန်းမောက်မြို့နယ်အတွင်း လျှပ်စစ်ဓါတ်အား ကျေးရွာများအရောက် ဆောင်ရွက်လျက်ရှိရာ တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်အတိုးရငွေ သိန်း (၇၀)၊ ကျေးရွာပြည်သူထည့်ဝင်ငွေ ၃၆၄၁၅၀၀ ကျပ်ဖြင့် မီးကြိုး၊ လျှပ်စစ်တိုင်များ ဆောင်ရွက်ခဲ့ပြီး (၁၁)ကေဗီ ဓါတ်အားလိုင်း(၁ ဒသမ ၈)မိုင်နှင့်/၁၁/၀ ဒသမ ၄ ကေဗီ၊ (၁၀၀)ကေဗီအေ ထရန်စဖော် မာတစ်လုံးဖြင့် အဆိုပါကျေးရွာ ရွာတွင် လျှပ်စစ်မီးသွယ်ခြင်း ဆောင်ရွက်ပြီးစီးခဲ့သောကြောင့် လျှပ်စစ်မီးဖွင့်လှစ်ပေးခဲ့ေသာကြောင့် အလယ်ရွာကျေးရွာ ကတူးတိုင်းသားများ ဝမ်းသာပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ဗန်းမောက်)