မြို့သစ် ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၀-ပြည့်နှစ်၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုအပေါ် ကုစားရေးအစီအစဉ်အရ (CERP) ဖြင့် မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် အစီအမံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုကုစားရေးအစီအစဉ် COVID-19 Economic Relief Plan (CERP) အရ မျိုးသန့်ပွားများရန်အတွက် မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက (၁၃၀) ဧက လျာထား ဆောင်ရွက်လျက်ရှိပြီး မှော်ဘီ(၄၀)ဧက၊ ဆင်း-၃(၄၃)ဧက၊ ဆင်းသုခ(၂၀)ဧက၊ စုစုပေါင်း (၁၀၃) ဧကအား စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း၊ လျာထားဧကပြည့်မီရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဇော်ထွန်းမှ ပြောကြားသည်။
မြို့သစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊မိုးစပါးစိုက်ရာသီတွင် မိုးစပါး ၁၂၈၄၀ ဧက စိုက်ပျိုး သွားရန် လျာထားပြီး ၅၄၃၀ ဧကကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်လည်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းမင်းအောင် (ကဘော်မြေ)