ဟုမ္မလင်းမြို့နယ်တွင် (CERP) အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများစိုက်နည်းစနစ်မှန်ကန်ရေးကွင်းဆင်းဆောင်ရွက်

ဟုမ္မလင်း သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး ဆင်ဧကရီ-၃ (RS)မှ (CS) မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများ၊ စိုက်နည်းစနစ်သရုပ်ပြသခြင်းကို သြဂုတ်(၁၀)ရက်နေ့၊ နံနက် (၉)နာရီက ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်း ကျေးရွာ အုပ်စု၊ ထွက်ဝကျေးရွာတောင်သူ ဦးမောင်ယောလယ်၌ ကွင်းဆင်းအသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ ဟုမ္မလင်းမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ ဒု-လက်/ထောက်ဦးစီးမှူး ဒေါ်နွယ်နွယ်စိန်၊ ဒေါ်သန်း သန်းအေးနှင့် ဦးအောင်ညွှန့်ကြည်တို့က မိမိတာဝန်ကျရာ နည်းပညာ ဖွံ့ဖြိုးရေးစင်တာ ဧရိယာ ကျေးရွာအုပ်စုများရှိ တောင်သူလယ်သမား များတွေဆုံကာ မျိုးစေ့ထုတ် စိုက်ခင်းများတွင် မျိုးကွဲနူတ်ပယ်ရခြင်း၊ ပိုးမွှားရောဂါကင်းရှင်းရေးအသိပညာပေးခြင်း၊တောင်သူများနှင့်အတူ စုပေါင်း ၍ လက်တွေ့ သရုပ်ပြသစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
                  
လင်းလင်း(ပြန်/ဆက်)