စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မြောင်    ဩဂုတ် ၁၂


စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ(၃) နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါအစည်းအဝေးတွင် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာ ရင်းများ မှန်ကန်စွာ ပြုစုနိုင်ရေး အောက်တိုဘာလတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာရာ၌ အဆင် ပြေစေရေး၊ မဲဆန္ဒရှင် စာရင်းတွင် လိုအပ်နေ သည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်များ အချိန်မီ ဖြည့်သွင်းရန်ကိစ္စများ၊ မဲရုံများအတွက် မဲရုံမှူးနှင့် အခြား၀န်ထမ်းများ ကြိုတင် လျာထားရန် နှင့် သင်တန်းဖွင့်လှစ်ရေးဆိုင်ရာများကိုဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရသည်။
မြောင်မြို့နယ်တွင်မဲရုံပေါင်း(၇၆)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၈၉၄၈၉)ဦး ရှိကြောင်းသိရသည်။

တင်ကိုကို(မြောင်)