ကန့်ဘလူ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မစျေးတွင် စျေးလုံခြုံရေးအရ ယနေ့ နံနက် ၉ နာရီက လုံခြုံရေး ကင်မရာ (CCTV) များတပ်ဆင်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရ သည်။
ထိုသို့ လုံခြုံရေးကင်မရာ (CCTV)များတပ်ဆင်ရာတွင် မြို့မစျေးအပြင်ဘက်အပိုင်းတွင် ခြောက်လုံး၊ စျေး အတွင်းပိုင်းတွင် ခြောက်လုံးတပ်ဆင်မည်ဖြစ်သည်။ မြို့မစျေးအပြင်ဘက်ပိုင်း တပ်ဆင်ရာ၌ အရှေ့ဘက် မျက်နှာစာတွင် နှစ်လုံး၊တောင်ဘက်နှင့်မြောက်ဘက် မျက်နှာစာများတွင် နှစ်လုံးစီကို လည်းကောင်း ၊ စျေးအတွင်းပိုင်း မိန်းလမ်းမကြီးများတွင် တောင်ဘက်ထိပ်၊ မြောက်ဘက် ထိပ်၊အရှေ့ထိပ်၊ အနောက် ထိပ်နှင့်အလယ်ပေါက် နေရာများတွင် တစ်လုံးစီကိုလည်းကောင်း စုစုပေါင်း လုံခြုံရေး ကင်မရာ (CCTV) ၁၂ လုံးကိုတပ်ဆင်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးဌေး ကပြော သည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)